Sunday, April 3, 2016
သဘာဝပုံရိပ်များ
  စစ်မှန်သော သဘာဝရဲ့ အလှတရားများ ကို ကြည့်ရှုခံစား နိုင်ပါသည်
Saturday, April 2, 2016
 ကို
   ကို့ကိုချစ်ခဲ့မိတာ 
   ငြိတွယ်ဖို့မဟုတ်ပေမယ့်
   ထိလွယ်တဲ့နှလုံးသားက
   ရုန်းထွက်ဖို့အားမရှိတာအမှန်ပါ
   သစ္စာစကားမတည်ပေမယ့်
   ချစ်တာက ပီပြင်တာမို့
   ကိုမသိလည်းနေပါစေတော့
   အမှတ်မရှိတဲ့နှလုံးသားက
   ကို့ကိုမုန်းဖို့အားမရှိတာအမှန်ပါ ကိုရယ်...
   အထိအရှ ဗရပွနဲ့
 အချစ်ဦး
နှလုံးသားအခန်းလေးထဲ 
ဘယ်ခန်းက ၀င်လာသလဲ
အရှေ့၊အနောက်၊တောင်၊မြောက်
ဘယ်အခန်းက၀င်ဝင်
ပြန်နှင်ခဲ့တဲ့ငါ
ယခုတခါ
လာပါပေါ့ အချစ်ဦး
ပြန်ပါကွာ ..ပြန်ပါကွာလို့
ငါ့ခမျာ မနှင်မိတော့
မသိသလို အသာနေတော့မယ်...
Saturday, March 26, 2016
မြေယာအငြင်းပွားမှုများ
၁။ စစ်တပ်မှ လယ်ယာမြေများ သိမ်းယူခဲ့စဉ် သီးစားလုပ်ကိုင်ခဲ့သော တောင်သူများနှင့် စစ်တပ်မှ ပြန်လည်
     စွန့်လွှတ်သောအခါ မူလလယ်ပိုင်ရှင်များ မည်သူပိုင်သည် မည်သူရရှိသင့်သည် ဟူ၍ အငြင်းပွားခြင်း
၂။ ပြန်လည်စွန့်လွှတ်မြေများတွင် လယ်သမားများ၏ မြေနယ်နမိတ်သတ်မှတ်ချက်များ ဘောင်များပျောက်
     ပျက်သွားမှုကြောင့် နယ်နမိတ် ဝေခွဲမှု ပြဿနာများ အချင်းချင်းတွင် ဖြစ်ပွားခြင်း
၃။ တရားမ၀င်ငွေတိုးချေးစားသူများမှ မြေများအား မြေအရောင်းအ၀ယ်စာချုပ်များ နားလည်မှုဖြင့် ပြုလုပ်၍
     အပေါင်ခံခြင်း၊ အဓမ္မသိမ်းဆည်း လုယူခြင်းမှ အပေါင်ခံသူနှင့် ငွေရှင်အကြား အငြင်းပွားခြင်း
၎။ စီမံကိန်းအကြောင်းပြ၍ သိမ်းဆည်းခဲ့သော မြေများ စီမံကိန်းအကောင်အထည်မဖော်နိုင်၊မဖြစ်မြောက်ပါ
     မူလမြေပိုင်ရှင်ထံပြန်လည်အပ်နှံခြင်းမပြုဘဲအကွက်ဖော်ရောင်းချမှုများကြောင့် အကျင့်ပျက်ချစားသော